» သတင်း

ဖိလစ်ပိုင်မှ အစားအသောက်ဖြင့်ကျော်ကြားသူ အဆိပ်ရှိဂဏန်း (devil crab) စားပြီးနောက် သေဆုံး

အသက် ၅၁ နှစ်အရွယ် အမ်မာ အာမစ်နှင့် သူငယ်ချင်းများစွာသည် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပလာဝမ်ကျွန်း၊ Luzviminda မှ ၎င်းတို့၏အိမ်အနီးရှိ ဒီရေတောမှ ပင်လယ်စာများစုဆောင်းရန် သွားခဲ့ကြသည်။ ထို့နောက် သူတို့သည် အခွံမာပင်လယ်စာများကို အိမ်သို့ယူဆောင်လာပြီး…

ဗြိတိန်ကို ရွှေ့ပြောင်းနေထိုင်သူများက ကိုလိုနီပြုထားသည်ဟု ဆာဂျင်မ် ရတ်ကလစ်ဖ်၏ ပြောကြားချက်နှင့်ပတ်သက်ပြီး ပြန်လည်တောင်းပန်ရန် စတားမာ ပြောကြား

မန်ချက်စတာယူနိုက်တက် အားပေးသူများယုံကြည်မှုအဖွဲ့ အပါအဝင် ပရိသတ်အဖွဲ့အမျိုးမျိုးက အဆိုပါမှတ်ချက်များကို X တွင်ရှုတ်ချခဲ့ပြီး "ပရိသတ်တစ်ဦးတစ်ယောက်မျှ ကလပ်အသင်းကို ၎င်းတို့၏ လူမျိုး၊ ဘာသာရေး၊ နိုင်ငံသား သို့မဟုတ် နောက်ခံကြောင့် လိုက်ကြည့်ခြင်း သို့မဟုတ် အားပေးခြင်းမှ ဖယ်ထုတ်ခံရသည်ဟု မခံစားရသင့်ပါ။…

မုဒုံမြို့နယ်တွင် ရာဘာသရေကွင်းမှိုင်းခံရုံ မီးလောင်

“အခုလောင်တာက သရေပင်းမှိုင်းခံတဲ့ ၁၀ ပေပတ်လည်ရုံ အပူလွန်ကဲပြီးတော့ လောင်တာ။ သရေပင်းလုပ်တဲ့ ပုံစံခွက်မိုတွေကို နေပူမလှန်းပဲနဲ့ မှိုင်းခံပြီးတော့ အခြောက်ခံတာ။ ဆုံးရှုံးမှုတန်ဖိုးကတော့ လေးသိန်းခွဲပါ။ လူထိခိုက်မှုတော့မရှိပါဘူး။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဘင်္ဂလားဒေ့ရှ်တွင် ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒခံယူပွဲ ပြုလုပ်မည်

ဘင်္ဂလားဒေ့ရှ်တွင် နောက်အစိုးရကို မည်သူဖွဲ့စည်းမည်ကို ဆုံးဖြတ်ရုံသာမက နိုင်ငံ၏အုပ်ချုပ်မှုစနစ်ကို ပြန်လည်ပုံဖော်နိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒခံယူပွဲကို ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့တွင် ပြုလုပ်မည်ဖြစ်သည်။

ပြည်သူ့ပါတီခေါင်းဆောင်မှု အပြောင်းအလဲဖြစ်နိုင်ခြေရှိ

ခေါင်းဆောင် မစ္စတာ နတ်သပွန်နှင့် ဒုတိယခေါင်းဆောင် ဆာရီကန်ည တန်စခွန်တို့သည် ၎င်းတို့၏တာဝန်များကို ရပ်ဆိုင်းရပါက ပါတီပြောရေးဆိုခွင့်ရှိသူ ပါရစ် ဝါချာရာစင်ဒူ (၃၃ နှစ်) ကို ခေါင်းဆောင်ရာထူးခန့်အပ်နိုင်ကြောင်း မစ္စတာ ဆာရာယွတ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ထိုင်းတစ်နိုင်ငံလုံး မဲပြန်ရေတွက်ရန် ရွေးကောက်ပွဲကော်မရှင်များ နုတ်ထွက်ရန် ဆန္ဒပြသူများက တောင်းဆို

လက်စီခရိုင်၊ အစိုးရအဆောက်အအုံဝင်းရှိ ရွေးကောက်ပွဲကော်မရှင်ရုံးတွင် Thammasat နှင့် Demonstration ညီညွတ်ရေးတပ်ဦးမှဦးဆောင်သော ဆန္ဒပြသူ ၁၀၀ ခန့်က တနင်္ဂနွေနေ့ အထွေထွေရွေးကောက်ပွဲအပြီး မဲရေတွက်မှုတွင် မသမာမှုများတွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံး မဲပြန်ရေတွက်ရန်လိုလားကြောင်း ပြောကြားခဲ့သည်။ မဲရေတွက်မှုအသစ်ကို အများပြည်သူရှေ့မှောက်တွင် ပြုလုပ်ရမည်ဖြစ်ပြီး…

တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့နေရာအချို့တွင် စစ်ရှောင်သူများပြားလာ ဟုဆို

“တိုက်ပွဲက တဖြေးဖြေးပိုဆိုးလာတယ်လို့ပြောရမယ်။ နေ့တိုင်းလိုလိုကလည်း အသံပေါင်းစုံနဲ့။ လက်နက်ကြီးတွေကြောင့် မနေရဲတော့ဘူး။ စစ်ရှောင်တဲ့သူတွေလည်းများလာတယ်။ ပစ်ခတ်သံတွေကလည်း အမြဲတမ်းရှိတယ်။ လူနေအိမ်တွေကို လက်နက်ကြီးကျည်ကျ လေယာဉ်နဲ့လည်းလာ။ အိမ်တွေပျက်စီး။ လူတွေထိနဲ့ မနေရဲကြတော့ဘူးပေါ့။” ဟု ဖားကန့်မှစစ်ရှောင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ကျိုင်းတုံနည်းပညာတက္ကသိုလ်ကျောင်းဝန်းအတွင်း မီးလောင်

“မီးလောင်တာတော့ သေချာမသိလိုက်ရဘူး။ ကျွန်တော်တို့ရောက်တဲ့အချိန်က မီးညွှန့်ကကျိုးနေပြီ။ ကျောင်းဆောင်မှာ တာဝန်ရှိတွေနဲ့ရှုပ်နေတော့ မီးငြိမ်းပြီးပဲပြန်လာတာ။ ကျောင်းသားတွေနေတဲ့အဆောင်လောင်တာ။ နည်းပညာတက္ကသိုလ်ထဲက အဆောင်ပါ။ ယောင်္ကျားလေးအဆောင်။ ကျောင်းသားတွေက ကျောင်းတက်နေတဲ့အချိန်ဆိုတော့ အ ဆောင်ထဲမှာ ဘယ်သူမှမရှိဘူး။ လူထိခိုက်မှုတော့မရှိပါဘူး။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက…

ကမ္ဘာ့အင်အားကြီးနိုင်ငံကဲ့သို့ ပြုမူရန် ဥရောပအား မက်ခရွန်တိုက်တွန်း

"ရာသီဥတုပြောင်းလဲမှုဟာ အရှိန်အဟုန်နဲ့ မြန်ဆန်နေပါတယ်။ ကျွန်တော်တို့ရဲ့လုံခြုံရေးကို ထာဝရအာမခံပေးမယ်လို့ ကျွန်တော်တို့ထင်ခဲ့တဲ့ အမေရိကန်ဟာ မသေချာတော့ပါဘူး။ ရုရှားက ကျွန်တော်တို့ကို ထာဝရဈေးပေါတဲ့စွမ်းအင်တွေ ပေးခဲ့ပေမယ့် အဲဒါက လွန်ခဲ့တဲ့သုံးနှစ်က ရပ်တန့်သွားခဲ့ပါတယ်။ တရုတ်ဟာ ပိုပိုပြီးပြင်းထန်လာတဲ့ ပြိုင်ဘက်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

‘ထိုက်သူပန်’ အဝေးပြေးယာဉ်လိုင်း ရန်ကုန်-မန္တလေး-နေပြည်တော်ခရီးစဉ်ကို သုံးရက်တာ အခမဲ့ပြေးဆွဲမည် ဟုဆို

“မနက်ဖြန်ဆိုရင် ငါးစီးထွက်မှာပါ။ တစ်ရက်ကိုတော့ ငါးစီးစီထွက်မှာပါဗျ။ နောက်ပိုင်းမှာလည်း ယာဉ်စီးခကို စျေးနှုန်းသက်သက်သာသာနဲ့ လုပ်ပေးပါမယ်ဗျ။” ဟု ‘ထိုက်သူပန်’ အဝေးပြေးယာဉ်လိုင်းမှ ဦးစိုးလှမြင့်က ယနေ့ခေတ်သို့ ပြောသည်။