» သတင်း

ထိုင်းရွေးကောက်ပွဲတွင် ဒုတိယနေရာရခဲ့သည့်ပါတီက ရွေးကောက်ပွဲအရာရှိများကို ရာဇဝတ်မှုဖြင့် တရားစွဲဆို

ပြုပြင်ပြောင်းလဲရေးလိုလားသည့် ပြည်သူ့ပါတီသည် ရွေးကောက်ပွဲကော်မရှင်မှ အရာရှိခုနစ်ဦးကို ရာဇဝတ်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ အထွေထွေအ တွင်းရေးမှူးချုပ်နှင့် ရွေးကောက်ပွဲအရာရှိတစ်ဦးဖြစ်သူ ဒုတိယဥက္ကဋ္ဌ ဝါရို အဆာဝါရမ်ဂရူရမ်က ပြောကြားသည်။

တရုတ်စစ်တပ်ကို လေ့ကျင့်ပေးခြင်းကြောင့် လေယာဉ်မှူးဟောင်းတစ်ဦးကို အမေရိကန်ဖမ်းဆီး

"အဓိကဇာတ်လမ်းက FBI နှင့် ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်များသည် တရုတ်စစ်တပ်တွင် လေယာဉ်မှူးများကို လေ့ကျင့်ပေးနေသည်ဟု စွပ်စွဲခံရသော အမေရိကန်လေတပ်မှ လေ ယာဉ်မှူးဟောင်းတစ်ဦးကို ဖမ်းဆီးခဲ့သည်" ဟု FBI ညွှန်ကြားရေးမှူး ကက်ရှ် ပက်တယ်က X တွင် တင်ခဲ့သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအစီအစဉ်နှင့် ရေရှည်သံတမန်ရေးကို ပြန်လည်သုံးသပ်ရန် အာဆီယံစဉ်းစားနေ

မကြာသေးမီကပြုလုပ်သည့် Thai PBS ‘Tanloke’ အစီအစဉ်နှင့် အင်တာဗျူးတစ်ခုတွင် လာဇာရိုက မြန်မာနိုင်ငံနှင့်ဆက်ဆံရာတွင် အာဆီယံဘုံသဘောတူညီချက်ငါးချက်သည် အာဆီယံအဖွဲ့၏အခြေခံအဖြစ် ဆက်လက်တည်ရှိနေသော်လည်း အဖွဲ့ဝင်နိုင်ငံများစွာသည် စီဘူးတွင်ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သံတမန်ရေးပြန်လည်ချိန်ညှိရန် အတွေးအခေါ်ကို တင်ပြခဲ့ကြသည်ဟု ပြောကြားသည်။

ပုဏ္ဏားကျွန်းမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၇ ဦးသေဆုံး၊ ၂၀ နီးပါးဒဏ်ရာရ ဟုဆို

“ယိုးငူကျေးရွာကစျေးတန်းကို လေကြောင်းကနေလာတာ။ စျေးရောင်းစျေးဝယ်တွေလည်းရှိနေတဲ့အချိန်။ တော်တော်ထိခိုက်သေဆုံးတာတွေများတယ်။ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။ ကလေးတွေလည်းပါတယ်။ သေဆုံးတဲ့ထဲမှာ ၁၇ ယောက်လောက်သေတယ်ပြောတယ်။ ဒဏ်ရာရတာ ၂၀ နီးပါးလောက်တော့ရှိမယ်။ တစ်ချို့ဆို ဒဏ်ရာတွေက အ တော်ပြင်းတယ်။ ပွဲချင်းပြီးဆုံးတာတွေလည်းရှိတယ်။ နေအိမ်တွေလည်း မီးလောင်ကုန်တယ်။” ဟု…

တရုတ်ထံမှ သင်္ဘောဖျက်ဒုံးကျည်များ အီရန်ဝယ်ယူမည်

တရုတ်လုပ် CM-302 ဒုံးကျည်များအတွက် သဘောတူညီချက်သည် ပြီးစီးတော့မည်ဟု ယူဆရသော်လည်း ပို့ဆောင်မည့်ရက်ကို မသတ်မှတ်ရသေးကြောင်း အဆိုပါသတင်းရင်းမြစ်များက ပြောကြားသည်။ မြန်နှုန်းမြင့်ဒုံးကျည်များသည် ကီလိုမီတာ ၂၉၀ ခန့်အထိ ပစ်ခတ်နိုင်ပြီး နိမ့်နိမ့်နှင့် မြန်ဆန်စွာပျံသန်းခြင်းဖြင့် သင်္ဘောရန်မှကာကွယ်ရှောင်ရှားနိုင်ရန် ဒီဇိုင်းထုတ်ထားသည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်သံအမတ် ကွက်ရှ်နာကို အစိုးရထံဝင်ရောက်ခွင့် ပိတ်ပင်သင့် ဟုဆို

ပြင်သစ်နိုင်ငံတွင် အကြမ်းဖက်မှုများ မြင့်တက်လာသည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ ၎င်း၏မှတ်ချက်များကိုရှင်းပြရန် ပျက်ကွက်ပြီးနောက် အမေရိကန်သံအမတ် ချားလ်စ် ကွတ်ရှ်နာကို အစိုးရထံဝင်ရောက်ခွင့် ပိတ်ပင်သင့်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထရမ့်၏ အခွန်ကောက်ခံမှုအသစ်သည် မျှော်မှန်းထားသည်ထက်နိမ့်သော နှုန်းထားအသစ်ဖြစ်လာ

"ဒါက ရှုပ်ထွေးမှုတွေကို ပိုဆိုးစေတယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ရင်းနှီးမြှုပ်နှံမှုဘဏ် ING မှ လေ့လာသုံးသပ်သူ Carsten Brzeski က အလျင်အမြန်ပြောင်းလဲနေသော အခွန်ကောက်ခံမှုများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုများကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် လေထုညစ်ညမ်းမှု အဆင့်(၄)သို့ ရောက်ရှိ

ရန်ကုန်မြို့အတွင်း လေထုညစ်ညမ်းမှု( Air Quality Index - AQI) 171 သည် ကျန်းမာရေးနှင့်မညီညွှတ်၍ နိုင်ငံတကာလေထုအရည်အသွေးညွှန်းကိန်းအရလည်း အဆင့် (၁၅၁ မှ ၂၀၀) ကြားရောက်ရှိနေခြင်းကြောင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုးများ ဂရုစိုက်နေထိုင်ရန်…

ဒလတံတား တိုးဂိတ်တွင် YBS ယာဉ်ပေါ်မှ ကလေးတစ်ဦးကျွံကျသေဆုံး

ဖေဖော်ဝါရီ ၂၃ ရက်၊ ညနေ ၄ နာရီကျော်က ဒလမြို့နယ်မှ ဘာသာရေးအရဝါဖြေရန် ရန်ကုန်မြို့တွင်းသို့ အဒေါ် ဖြစ်သူနှင့်အတူ မုန့်ဝယ်ပြီးအပြန် ဒလတိုးဂိတ်အရောက်တွင် ငါးနှစ်အရွယ်ကလေးတစ်ဦး YBS ၇၂ ယာဉ်၏ ကြမ်းခင်းအပေါက်မှကျွံကျကာ ကား၏နောက်ဘီးဖြင့်ကြိတ်မိပြီး နေရာတွင်သေဆုံးသွားကြောင်း…

တပ်ကုန်းမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၅၀ နှင့် စာသင်ကျောင်း ပျက်စီး ဟုဆို

“လေတိုက်တာက လေပွေလို စက်ဝိုင်းပုံစံမျိုးတိုက်တာ။ ဘေးပတ်ပတ်လည်ကို တိုက်တာဆိုတော့ နေအိမ်အမိုးတွေ သွပ်တွေကလန်သွားတာ။ ကျေးရွာနှစ်ရွာကိုတိုက်တာ။ ထုံးဘိုမှာ နေအိမ် ၃၄ လုံး၊ စာသင်းကျောင်းတစ်ကျောင်း။ ကျောက်စရစ်ကုန်းကျေးမှာက နေအိမ် ၁၆ လုံး။ လူထိခိုက်မှုတွေတော့မရှိပါဘူး။ ပျက်စီးသွားတဲ့အိမ်တွေက လူတွေကတော့…