» သတင်း

ထရန့်-ပူတင်ဆွေးနွေးပွဲကို လာမည့်သီတင်းပတ်တွင် ကျင်းပနိုင်မည် ဟုဆို

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီတွင်စခဲ့သည့် ယူကရိန်းကို ရုရှားနိုင်ငံ၏ကျူးကျော်စစ်ပွဲ အဆုံးသတ်ရေးအတွက် သမ္မတပူတင်သည် အမေရိကန်အထူးသံတမန် စတိဗ် ဝက်ကော့ဖ်နှင့်တွေ့ဆုံပြီး နာရီပိုင်းအကြာတွင် ခေါင်းဆောင်နှစ်ဦးသည် မကြာမီတွေ့ဆုံနိုင်မည့် အခွင့်အရေးကောင်းရှိကြောင်း ထရမ့်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

သံတောင်ကြီးတွင် မြေပြိုမှုကြောင့် ၁၃ ဦးထက်မနည်းသေဆုံး

“သံတောင်ကြီးမြို့ထဲမှာကိုပဲ ရှစ်ယောက်သေတယ်။ နောက်ထပ်သုံးယောက်တွေ့တယ်။ တစ်ချို့ကကျတော့ မိသားစုလိုက်ကြီးအိပ်နေရင်နဲ့ မြေပြိုတာ လေးယောက်လုံးသေသွားတယ်။ ကျန်တဲ့သူတွေလည်းကျန်သေးတယ်။ တစ်နေရာနဲ့တစ်နေရာကဝေးတော့ ရှာရဦးမှာ။ မတွေ့သေးတဲ့သူတွေလည်း ရှိသေးတယ်။ လောလောဆယ်က ၁၃ ယောက်တော့ရှိပြီး။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရုရှားမှရေနံဝယ်ယူခြင်းကြောင့် အိန္ဒိယကို အခွန် ၅၀% ကောက်ခံရန် ဒေါ်နယ်ထရမ့်ညွှန်ကြား

ဒေလီသည် ရုရှားမှသွင်းကုန်များအပေါ် ၎င်း၏ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ယခုစည်းကြပ်ခွန်သည် တရားမျှတမှုမရှိကြောင်း၊ ထို့ကြောင့် အမေရိကန်အနေနှင့် တခြားနိုင်ငံများ၏ အမျိုးသားအကျိုးစီးပွားကို ဆောင်ရွက်နေမှုများအတွက် အိန္ဒိယနိုင်ငံအား ထပ်လောင်းအခွန်စည်းကြပ်ရန် ရွေးချယ်လိုက်ခြင်းသည် အလွန်ကံမကောင်းကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဗုဒ္ဓဟူးနေ့ကထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်

ယာယီသမ္မတ ဦးမြင့်ဆွေကွယ်လွန်ခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇ ရက်မှ ၁၁ ရက်နေ့အထိကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်းအထိမ်းအမှတ်ကာလအဖြစ်ထားရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ကြောညာချက်ထုတ်ပြန်ထားသည်။

ကျောက်မဲမြို့ နောင်ပိန်ကျေးရွာတွင် ရေကြီးရေလျှံမှုဖြစ်ပေါ် ကားတစ်စီးနှင့် လူနှစ်ဦး ရေစီးနှင့်မျောပါ

“အဲ့ဒီမှာရေကြီးနေတာ ကားတစ်စီးလည်း ရေထဲမျောတယ်။ ကားထဲမှာပါတဲ့ လူနှစ်ယောက်မျောပါသွားတာ ကားနဲ့တစ်ဦးတော့ ပြန်တော့တွေ့ပြီ။ မိုးကလည်းသည်း လုပ်ပါကန်က ကျိုးသွားတော့ ဆိုင်ကယ်တစ်စီးလည်း ရေထဲမျောပါသွားတယ်။ လူကတော့လွတ်သွားတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရန်ကုန်မြို့တွင် ​လေးနှစ်ခန့်ကြာပိတ်ထား​သော မြို့​တော်ခန်းမ​ဘေးပတ်လည်လမ်းများ ပြန်လည်ဖွင့်လှစ်

ရန်ကုန်တိုင်း​ဒေသကြီး၊ ​ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်းကို သြဂုတ် ၅ ရက်တွင် ပြန်လည်ဖွင့်လှစ်​ပေးလိုက်​ပြီးနောက် သြဂုတ် ၆ ရက်နေ့တွင် မြို့​တော်ခန်းမ​ဘေးပတ်လည်လမ်းများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဟီရိုရှီးမားကို အဏုမြူဗုံးကြဲချမှု နှစ် ၈၀ ပြည့်အထိမ်းအမှတ်ပြုလုပ်

မတ်ဆုအိက ကမ္ဘာလုံးဆိုင်ရာ "စစ်ရေးတည်ဆောက်မှုဆီသို့ အရှိန်အဟုန်မြှင့်လာသော လမ်းကြောင်းတစ်ခုနှင့် နျူကလီးယားလက်နက်များသည် နိုင်ငံတော်ကာကွယ်ရေးအ တွက် မရှိမဖြစ်လိုအပ်သည်" ဟူသောအယူအဆသည် "သမိုင်း၏အဖြစ်ဆိုးများမှ နိုင်ငံတကာအသိုက်အဝန်းမှ သင်ယူသင့်သည့် သင်ခန်းစာများကို ထင်ရှားစွာလျစ်လျူရှုခြင်း" ဖြစ်သည်ဟု သတိပေးခဲ့သည်။

အပစ်အခတ်ရပ်စဲရေး နောက်ဆုံးရက်တွင် ထရမ့်၏အထူးသံတမန် ဝစ်ကော့ဖ်နှင့် ပူတင် တွေ့ဆုံ

သောကြာနေ့တွင် ပြေလည်မှုရရန်မျှော်လင့်ချက်များ မှေးမှိန်နေပြီး၊ ထရမ့်က ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ခြိမ်းခြောက်နေသော်လည်း သမ္မတပူတင်သည် ယူကရိန်းအပေါ် ပြင်းထန်သောလေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။

ဟွန်ဆန်၏ သက်တော်စောင့်ကို ထိုင်းနယ်စပ် ဘူရီရမ်တွင် ဖမ်းဆီး

သူသည် ခရာဆမ်ရှိ ထိုင်းဇနီး၏အိမ်တွင် တစ်နှစ်ကြာနေထိုင်ခဲ့သည်။ စစ်မှုထမ်းကတ်၊ နိုင်ငံကူးလက်မှတ်၊ ID နှင့် အလုပ်လုပ်ခွင့် စသည့်သက်သေခံများတွင် နာမည်လေးမျိုးအသုံးပြုခဲ့သည်ဟု ရဲကပြောသည်။ ဇူလိုင်လလယ်က ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း ၎င်းက၀န်ခံခဲ့သည်။

အီးယူကုန်ပစ္စည်းတွေအပေါ် အမေရိကန်၏စည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်းသည် ကုန်စည်အားလုံးပါဝင် ဟုဆို

"ကျွန်ုပ်တို့၏သဘောတူညီချက်တွင် ကျွန်ုပ်တို့ရရှိသောအရာသည် အကောင်းဆုံးရရှိနိုင်သောအရာဖြစ်သည်" ဟု EU အရာရှိက သတင်းထောက်များအားပြောကြားခဲ့ပြီး၊ ၂၇ နိုင် ငံအစုအဖွဲ့သည် ၁၅ ရာခိုင်နှုန်းကို အောင်ပွဲခံမည်မဟုတ်သော်လည်း အဆိုပါအခြေအနေသည် အခြားသူများနှင့်နှိုင်းယှဉ်ပါက အလွန်ကောင်းသော သဘောတူညီချက်ဖြစ်သည်ဟု ထည့်သွင်းပြောကြားသည်။