» သတင်း

အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံ စည်းကြပ်ခွန်ညှိနှိုင်းမည့်ရက်ကို သက်တမ်းတိုး

ဝါရှင်တန်ရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "တရုတ်နဲ့ အမေရိကန်ကြား အောင်မြင်တဲ့ပူးပေါင်းဆောင်ရွက်မှုဟာ မှန်ကန်တဲ့လမ်းကြောင်းဖြစ်ပါတယ်၊ ဖိနှိပ်ချုပ်ချယ်မှုတွေက ဘယ်ကိုမှ မရောက်နိုင်ပါဘူး" ဟု ပြောကြားသည်။

အိန္ဒိယတွင် ထရမ့်၏အခွန်စည်းကြပ်မှုကြောင့် အမေရိကန်ကုန်ပစ္စည်းများကို သပိတ်မှောက်ရန် တောင်းဆို

အမေရိကန်၏ အခွန်စည်းကြပ်မှုကို ကန့်ကွက်သည့်အနေဖြင့် McDonald's, Coca-Cola, Amazon နှင့် Apple တို့အပါအဝင် အမေရိကန်အခြေစိုက် နိုင်ငံစုံမှကုန်ပစ္စည်းများကို သပိတ်မှောက်ရန် ၀န်ကြီးချုပ် နာရင်ဒရာ မိုဒီကို ထောက်ခံသူများက တောင်းဆိုနေကြကြောင်း သိရသည်။

ဩစတြေးလျသည် စက်တင်ဘာလတွင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည်

“နိုင်ငံနှစ်ခုဆိုတဲ့ ဖြေရှင်းချက်ဟာ အရှေ့အလယ်ပိုင်းမှာ အကြမ်းဖက်မှုသံသရာကို ဖြတ်ကျော်ဖို့နဲ့ ဂါဇာမှာရှိတဲ့ ပဋိပက္ခတွေ၊ ဆင်းရဲဒုက္ခတွေနဲ့ ငတ်မွတ်ခေါင်းပါးမှုကိုအဆုံး သတ်ဖို့ လူသားမျိုးနွယ်ရဲ့ အကောင်းဆုံးမျှော်လင့်ချက်ပါပဲ” ဟု ၎င်းက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်တွင် မသန်စွမ်းအမျိုးသားတစ်ဦး တိုက်ပေါ်မှပြုတ်ကျသေဆုံး

“သူကတော့ တစ်ခုခုလှမ်းယူရင်းနဲ့ ခြေချော်ပြီးပြုတ်ကျတယ်လို့တော့ ထင်တာပဲ။ ခုနှစ်လွှာပေါ်ကနေပြုတ်ကျတာ။ သူက ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့ပုံစံပဲ။ အသက်ကတော့ ၃၅ နှစ်။ မနက် ၆ နာရီ ၅၀ လောက်က ပြုတ်ကျတာလို့ပြောတယ်။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့…

ဂါဇာတွင် အစ္စရေးတိုက်ခိုက်မှုအတွင်း အယ်လ်ဂျာဇီးရားသတင်းဌာနမှ သတင်းထောက်ငါးဦး သေဆုံး

“သတင်းတွေကို ပုံဖျက်ခြင်း သို့မဟုတ် လွဲမှားစွာဖော်ပြခြင်းမရှိဘဲ အမှန်တရားကိုဖော်ပြဖို့ ကျွန်တော်ဘယ်တော့မှ မတွန့်ဆုတ်ခဲ့ပါဘူး၊ ဘုရားသခင်က နှုတ်ဆိတ်နေတဲ့သူတွေ၊ သတ်ဖြတ်ခံနေရမှုကို လက်ခံသူတွေနဲ့ အသက်ရှုဖို့အတွက် မွန်းကြပ်နေတဲ့သူတွေကို ဘုရားသခင်က သက်သေခံမယ်လို့ မျှော်လင့်ပါတယ်” ဟု အယ်လ် ရှာရစ်ဖ်က သူမသေဆုံးမီ…

TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးဦးသေဆုံး ဟုဆို

“မိုးကုတ်အရှေ့ပိုင်းက ကျောက်နဂါးကျေးရွာနားကိုကျတာ။ ညနေ ၆ နာရီကျော်လောက်ရှိမယ်ဗျ။ ကလေးငယ်နဲ့ သံဃာတော်လည်းပါတယ်။ ဗုံကျဲလို့သေတာ။ ဘုန်းကြီးကျောင်ပေါ်လည်းကျလို့ သံဃာတော်ပါး ပျံလွန်တော်မူပြီး တစ်ပါးဒဏ်ရာရတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယုဇနဥယျာဉ်မြို့တော်တွင် အစိုးရလျှပ်စစ်မီးကြိုးများ မကြာခဏခိုးယူခံနေရပြီး ရပ်ကွက်နေပြည်သူများကသာ အကုန်ကျခံဖြေရှင်းနေရ ဟုဆို

“ဒီမနက် လေးနာရီကျော်လောက်ကနေ မီးကစပျက်တာ။ အခုလိုမီးကြိုးပြတ်တာ သူတို့မှာတာဝန်ရှိတယ်လေ။ အခု သူတို့ကပိုက်ဆံကောက်ပေးပါတဲ့။ လျှပ်စစ်ကလာပြောတာ။ ပိုက်ဆံကောက်ပြီးရင် ပြင်ပေးမယ်တဲ့။ သူတို့ မှာကြိုးမရှိဘူးတဲ့။ ကြိုးဝယ်ပြီးလုပ်ပေးဆိုတော့ ကြိုးဘယ်ကရမလဲ။ ကြိုးလည်းမရှိဘူးပြောတယ်။ အခု မြို့နယ် EPC ရုံးဝန်ထမ်းက ကြိုးဖိုး…

ဂါဇာစစ်ပွဲကိုတိုးမြှင့်မည့် နေတန်ရာဟု၏အစီအစဉ်ကို အစ္စရေးပြည်သူများ ကန့်ကွက်ဆန္ဒပြ

ဂါဇာရှိ ဓားစာခံ ၅၀ ဦး၏ မိသားစုဝင်များအပါအဝင် ဆန္ဒပြသူများသည် ဓားစာခံများအသက်ရှင်နေသေးသည်ဟု ယူဆကြပြီး၊ အစ္စရေးအစိုးရ၏အစီအစဉ်သည် ဓားစာခံများ၏ အသက်အန္တရာယ်ကို စိုးရိမ်ဖွယ်ရာဖြစ်စေသည်ဟု ယုံကြည်ချက်ရှိသည်။

ပြင်ဦးလွင်တွင် ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

“မိုးကုတ်သွားတဲ့လမ်းမှာ ဆိုင်ကယ်နှစ်စီးက မျက်နှာချင်းးဆိုင်တိုက်မိတာ။ တစ်စီးက သုံးယောက်စီးလာတာ။ နောက်တစ်စီးက တစ်ယောက်ထဲ ။ သုံးယောက်စီးအထဲက ဆိုင်ကယ်မောင်းတဲ့သူ သေသွားတယ်။ ဆေးရုံရောက်မှ နောက်တစ်ယောက်က မျော့မျော့ပဲကျန်တော့တယ်။ စိုးရိမ်ရတယ်။ သုံးယောက်က မိသားစုတွေပါ။ အမျိုးသားကသေသွားတယ်။”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက…

မန္တလေးမြို့တွင် သိန်း ၁၀၀ ကျော်တန်ဆိုင်ကယ်တစ်စီး လုယက်ခံရ

“မနေ့ညကဖြစ်တာ။ CCTV ကနေလည်းတင်ပေးထားပါတယ်။ သူတို့ကတော့ အေးအေးဆေးဆေးပေးရင်ပေး မပေးရင်ခုတ်မှာဆိုပြီးပြောတာ။ ကျွန်တော်ကလည်း ရတယ်ပေးမယ်။ ကလေးတွေတော့မလုပ်ပါနဲ့ဆိုပြီး ပြောရတယ်။ ဆိုင်ကယ်က အခုကာလပေါက်စျေးနဲ့ဆို သိန်း ၁၀၀ တော့ကျော်မယ်။ အခုအချိန်အထိလည်း ရှာမတွေ့ သေးဘူး။ ဘယ်ကိုရှာလို့ရှာရမှန်းလည်းမသိဘူး။” ဟု…