» သတင်း

စင်ကာပူတွင် ဒေါ်လာ ၁၂၈,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ ဖမ်းဆီးခံရသူနှစ်ဦးတွင် ကလေးငယ်များပါဝင်

စင်္ကာပူနိုင်ငံတွင် ဩဂုတ်လ ၁၄ ရက်နေ့က မူးယစ်ဆေးဝါးဖမ်းဆီးမှုများတွင် အမျိုးသား ၃ ဦးကိုဖမ်းဆီးခဲ့ပြီး စင်ကာပူဒေါ်လာ ၁၂၈,၀၀၀ (အမေရိကန်ဒေါ်လာ ၉၉,၀၀၀) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ကြောင်း ဗဟိုမူးယစ်ဆေးဗျူရို(CNB)က သောကြာနေ့တွင် ပြောကြားသည်။

မိုးကုတ်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃၀ နီးပါးသေဆုံး ဟုဆို

“သူတို့က ကျောက်တွင်းလုပ်နေတဲ့နေရာတွေ လိုက်ချတာထင်တာပဲ။ အခုက အဲဒီနေရာတွေကိုမထိပဲ ပြည်သူတွေပဲထိရတယ်။ ကျွန်တော်ဆို ဖြစ်ပျက်နေတာတွေက ကိုယ့်မျက်စိရှေ့တင်မို့လို့ စိုးရိမ်နေရတယ်။ အိမ်မှာကလည်း အမေနဲ့ ကလေးရှိနေလို့။ ပေးဆပ်ရတဲ့အတွေလည်း မနည်းတော့ဘူး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ကက်ရှ်မီးယားတွင် ရေကြီးမြေပြိုမှုများကြောင့် လူ ၆၀ သေဆုံး၊ ၂၀၀ ကျော်ပျောက်ဆုံးနေ

ရွှံ့မြေပြိုမှုများနှင့် ရေကြီးရေလျှံမှုများကြောင့် ကြာသပတေးနေ့က ချာဆိုတီရွာကို ရေလွှမ်းမိုးခဲ့သည်။ ဟိမဝန္တာတောင်တက်မည့်ဘုရားဖူးများ တောင်ခြေတွင် နေ့လယ်စာစားရန်စုဝေးနေစဉ် ရွံ့နွံများကဖုံးလွှမ်းသွားခဲ့သည်။ ပြီးခဲ့သည့်သီတင်းတပတ်အတွင်းကလည်း ဟိမဝန္တာတောင်ပတ်ဝန်းကျင်တွင် သဘာဝဘေးဖြစ်ပေါ်ခဲ့သေးသည်။

ရွှေစင်အကယ်ဒမီရတနာရွှေဆိုင် ဓားပြတိုက်ခံရပြီး ဓားပြတစ်ဦးကို သေနတ်နှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်တိုင်း​ဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဦးဝိစာရလမ်းရှိ ရွှေစင်အကယ်ဒမီရတနာရွှေဆိုင်တွင် ဩဂုတ် ၁၄ ရက်၊ မွန်းတည့် ၁၂ နာရီက ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ဓားပြတစ်ဦးအား သက်​သေခံသေနတ်နှင့်အတူ ဖမ်းဆီးရမိခဲ့​ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ဘေးရှောင်သိန်းချီကာ အရေးပေါ်အကူအညီများလိုအပ်နေ ဟုဆို

လက်နက်ကိုင်ပဋိပက္ခများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပိတ်ဆို့တားစီးခြင်းနှင့် ရန်ပုံငွေဖြတ်တောက်ခြင်းများကြောင့် ဆာလောင်မွတ်သိပ်မှု၊ အာဟာရချို့တဲ့မှုများ မြင့်တက်လာပြီး ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပိုမိုပေးအပ်နိုင်ရန် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က တိုက်တွန်းထားကြောင်း သိရ သည်။

တိုင်ဖွန်း Podul ထိုင်ဝမ်သို့ ဝင်ရောက်တိုက်ခတ်

တိုင်ဖွန်းမုန်တိုင်းသည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်တွင် Taitung ပြည်နယ်၌ ကုန်းတွင်းပိုင်းသို့ဝင်ရောက်ခဲ့ပြီး လေတိုက်နှုန်း ၁၉၁ ကီလိုမီတာရှိကြောင်း ဗဟိုမိုးလေဝသ စီမံခန့်ခွဲရေးဌာနမှ ပြောကြားသည်။

တောင်ကိုရီးယား သမ္မတကတော်ဟောင်း ကင်မ်ကွမ်ဟီးကို ဖမ်းဆီး

တရားရုံးသည် ကင်မ်၏တရားမ၀င်သောလုပ်ရပ်များဟု စွပ်စွဲထားသည့် စာမျက်နှာ ၈၄၈ ပါ ထင်မြင်ချက်တစ်ခုကို ကြားနာပြီး တရားရုံးသည် သက်သေအထောက်အထားများကို ချိုးဖေါက်နိုင်သည့်အန္တရာယ်ကို ကိုးကား၍ ဝရမ်းကိုခွင့်ပြုခဲ့သည်။

အလက်စကားတွင်ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲသည် ပူတင်၏အောင်ပွဲတစ်ခုသာဖြစ်မည်ဟု ဇီလင်စကီး ဆို

ရုရှားသည် သဘောထားတင်းမာသော တောင်းဆိုမှုများအား ရှေ့တန်းတင်မည်ကို စိုးရိမ်ကြောင်းနှင့် ထရမ့်သည် ယူကရိန်းပိုင်နက်နယ်မြေများကို လွှဲပြောင်းပေးမည့် သဘောတူညီချက်ရယူမည်ကို စိုးရိမ်ကြောင်း ထိပ်သီးအစည်းအဝေးတွင် ပါဝင်နိုင်ခွင့်မရှိသော ဇီလင်စကီးက ပြောကြားသည်။

ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၂၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရ ဟုဆို

“ကျောက်ဖြူကနေ စစ်ရှောင်လာတဲ့ဦးရေက မှန်းလို့တောင်မရဘူး။ နှစ်သောင်းခွဲလောက်တော့ရှိမယ်ထင်တယ်။ ဒီဘက်က ရမ်းဗြဲ၊ စနဲနဲ့ ဇင်းချောင်းဘက်ကို ပြောင်းလာကြတာ။ သူတို့လတ်တလောလိုနေတာက စားနပ်ရိက္ခာပဲ ဆန်၊ ဆီ၊ ဆား အဓိကလိုနေတာပေါ့နော်။ ကျွန်တော်တို့ကလည်း အလှူရှင်တွေရှိမှ လှူပေးလို့ရတာပါ။ အခုဆို တစ်ခေါက်ပဲသွားလှူနိုင်သေးတယ်။”…

စာမေးပွဲရမှတ်ကိုမကျေနပ်သည့် ကျောင်းသားတစ်ဦး ဆရာမကို ကိုယ်ထိလက်ရောက်တိုက်ခိုက်

ထိုင်းနိုင်ငံမှ ပုဂ္ဂလိကကျောင်းတစ်ကျောင်းတွင် သြဂုတ် ၅ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စာမေးပွဲတွင် အမှတ် ၂၀ မေးခွန်းအတွက် ၁၈ မှတ်ရရှိသည့် ကျောင်းသားတစ်ဦးက အမှတ်ပြည့်မရခဲ့ခြင်းနှင့်ပတ်သက်ပြီး ထိန်းမနိုင်သိမ်းမရဖြစ်ကာ ဆရာ့မကိုမေးမြန်းရန် ဆရာမထံသွားရောက်ခဲ့သည်။