» သတင်း

ရုရှားနှင့်စစ်ရပ်စဲရေးအတွက် ထရမ့်ကဖိအားပေးနေစဉ် ဇီလင်စကီးက ဥရောပခေါင်းဆောင်များနှင့်အတူ ဝါရှင်တန်သွားမည်

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလင်စကီးနှင့် ဥရောပခေါင်းဆောင်များသည် တနင်္လာနေ့တွင် ဝါရှင်တန်၌ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံမည်ဖြစ်သည်။ အမေရိကန်သမ္မတသည် ရုရှားအခွင့်သာစေသော အခြေအနေမျိုးကိုလက်ခံရန် ဇီလင်စကီးကိုဖိအားပေးပြီး ငြိမ်းချမ်းရေးသဘောတူညီချက်ကိုပုံဖော်မည်လားဟု စိုးရိမ်စိတ်များရှိနေစဉ်အတွင်း ဇီလင်စကီးနှင့် ဥရောပခေါင်းဆောင်များသည် တနင်္လာနေ့တွင် ဝါရှင်တန်၌ ထရမ့်နှင့်တွေ့ဆုံမည်ဖြစ်သည်။

သီပေါမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဦးဒဏ်ရရှိ

“လေကြောင်ကနေတိုက်တာ နေအိမ်တွေပေါ်ကျတဲ့အပြင် လူတွေပါထိတယ်။ သီပေါအနောက်ရပ်ကွက်က လက်ဖက်ရည်ဆိုင်နားလည်းကျတယ်။ လူကြီးတစ်ယောက်နဲ့ဆို သုံးဦးလောက်ဒဏ်ရာရတယ်။ တစ်ယောက်က ဒဏ်ရာပြင်းတယ်။ ရှောင်ချိန်လည်းမရဘူး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဂါဇာစစ်ပွဲအဆုံးသတ်ရေးနှင့် ဓားစာခံများပြန်လွတ်ရေးအတွက် အစ္စရေးနိုင်ငံတစ်ဝှမ်း တောင်းဆိုဆန္ဒပြ

"စစ်ပွဲကိုအဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ကျွန်တော်ထင်ပါတယ်။ ဓားစာခံတွေအားလုံးကိုလွှတ်ပေးဖို့ အချိန်ရောက်ပါပြီ။ အစ္စရေးကို ပြန်လည်ထူထောင်ပြီး ပိုမိုတည်ငြိမ်တဲ့ အရှေ့အလယ်ပိုင်းကို အရောက်လှမ်းနိုင်ဖို့ ကူညီရမယ့်အချိန်ပါပဲ" ဟု ဂျေရုဆလင် ဆန္ဒပြပွဲတစ်ခုတွင် အသက် ၅၄ နှစ်အရွယ် ဧည့်လမ်းညွှန် ဒိုရွန်ဝယ်လ်ဖန်က ပြောကြားသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းယာဉ်တိုက်မှု နှစ်ဦးသေဆုံး

“ကားတစ်စီးက ၄၈ မိုင်မှာကားပျက်နေတာ။ ပျက်နေတဲ့ကားထဲကလူက လေထိုးကျွတ်ဖာဆိုင်ကို အကူအညီတောင်းဖို့ ကားလမ်းကိုဖြတ်ကူးတာ။ အဲ့ဒီမှာ လမ်းမအတိုင်းမောင်းလာတဲ့ကုန်ကားက ဝင်တိုက်လိုက်တာ။ ကုန်ကားမောင်းသူရော တိုက်ခံရတဲ့သူပါ ဆုံးသွားတယ်။ နှစ်ဦးလုံးက အသက် ၃၅ ပတ်ဝန်းကျင်လောက်ရှိတယ်။ မိသားစုတွေနဲ့တော့ အဆက်သွယ်ရသွားပါပြီ။”

တရားသူကြီးများနှင့် လျှို့ဝှက်သဘောတူညီချက် ယူထားသည်ဆိုသည့် ကောလာဟလများကို ဖြူထိုင်းပါတီ ပယ်ချ

ဖြူထိုင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူဟောင်း ပရိုပွန် နော့ပါရစ်က ယခုလအတွင်း နိုင်ငံရေးအရအကဲဆတ်သော အမှုနှစ်ခုအတွက် တရားရုံးများက စီရင်ချက်ချရန် ပြင်ဆင်နေချိန်တွင် သက်ဆင်နှင့် မစ္စ ပေတုံတန်တို့ကိုရည်ရွယ်သည့် သတင်းစကားများသည် အခြေအမြစ်မရှိသော လုပ်ကြံဖန်တီးမှုဖြစ်ကြောင်း စနေနေ့က ပယ်ချခဲ့သည်။

ဘန်ကောက်မှဘားတစ်ခုတွင် မြန်မာနိုင်ငံသား ၄၁ ဦး မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိ ဟုဆို

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တရားမဝင် ကာရာအိုကေဘားတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာတွင် မွေးနေ့ပါတီပြုလုပ်နေကြသည့် မြန်မာနိုင်ငံသား ၄၁ ယောက်သည် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

စစ်ရပ်စဲရေးသဘောတူညီချက်မရခဲ့သည့် ထိပ်သီးဆွေးနွေးပွဲ

ထိပ်သီးစည်းဝေးပွဲအပြီးတွင် ဒေါ်နယ်ထရမ့်က ပူတင်နှင့်ဆွေးနွေးပွဲမှာ တိုးတက်မှုရှိပြီး၊ ရုရှားမှရေနံဝယ်ယူမှုအတွက် တရုတ်အပေါ် အခွန်စည်းကြပ်ခြင်းကို ရပ်တန့်သွားမည်ဖြစ်ကြောင်း Fox News သို့ ပြောကြားခဲ့သည်။

ညောင်ရွှေမြို့တွင် စပါးခင်းဧက ၁၀၀၀ နီးပါ ရေနစ်မြုပ်နေ ဟုဆို

“ရေက မနှစ်ကလောက်တော့ မရှိဘူး။ ဒါပေမဲ့ တောင်သူလယ်သမားတွေအတွက်ကျတော့ စပါးတွေရေထဲမြုပ်သွားတာတော့များတယ်။ ညောင်ရွှေအနောက်ဘက်က ရွာသာဘက်မှာနစ်တာ။ ဧကတွေမနည်းဘူး။ ရှစ်ရာ၊ တစ်ထောင်လောက်ရှိမယ်။ သူတို့အတွက်ကျတော့ မိုးဦးကလည်းစောတော့ စပါးက တစ်နှစ်တစ်သီးပဲရတာ။ ဒီနှစ်တော့ တစ်သီးမှမရလိုက်တော့ဘူး။ စပါးခင်းတွေမြုပ်တဲ့အပြင် နေအိမ်တွေလည်းမြုပ်တာ။ မနှစ်ကတော့…

ပလုံ​ကောက်သူများ အ​ယောင်​ဆောင်ပြီး ကားပစ္စည်းနှင့် ဓာတ်ဆီခိုးယူသူများကို ဖမ်းဆီးရမိ

"အသက် ၂၀ ​ကျော် အရွယ်​ကောင်း​လေး​တွေပါ။ ပလုံ​ကောက်သလိုနဲ့ ကားပစ္စည်း​တွေကို ခိုးတယ်။ ​နောက်ပြီး ကားရဲ့ဓာတ်ဆီနဲ့ ဒီဇယ်​တွေလဲ ခိုးထုတ်ယူတာ​တွေ ပြုလုပ်ကြပါတယ်။ ​နေ့တိုင်း မင်္ဂလာ​တောင်ညွန့်မှာဖြစ်​နေတယ်။ ဒီ​နေ့​တော့ တရားခံသုံးဦးစလုံးကို သက်​​သေခံပစ္စည်းများနဲ့အတူ ဖမ်းဆီးရမိပါတယ်"

ပုသိမ်-ချောင်းသားလမ်းပိုင်တွင် ယာဉ်တိုက်မှုဖြစ် နှစ်ဦးသေဆုံး

ဩဂုတ်လ ၁၄ ရက်၊ နံနက် ၈နာရီကျော်က ပုသိမ်-ချောင်းသာလမ်းပိုင်း ကျောက်မန်းကုန်ရွာ ကြက်ခြံအနီးတွင် ဆေးခန်းပြပြီးပြန်လာသည့် လင်မယားနှစ်ဦး၏ဆိုင်ကယ်ကို အ မျိုးသားနှစ်ဦးမောင်းနှင်လာသည့်ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ အနောက်မှဝင်တိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး နေရာတွင်သေဆုံးခဲ့ပြီး၊ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။