» သတင်း

ကမ္ဘောဒီးယားသည် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ဒေါ်နယ်ထရမ့်ကို အမည်စာရင်းတင်သွင်းမည် ဟုဆို

Sun Chanthol က ငြိမ်းချမ်းရေးယူဆောင်လာပေးတဲ့အတွက် ထရမ့်ကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး၊ နိုင်ငံအချင်းချင်း မိတ်သဟာယဖွဲ့ဖို့ အကောင်းဆုံးလုပ်ဆောင်ခဲ့သည့်လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုပေးအပ်သည့် နိုင်ငံတကာအမြင့်ဆုံးဆုအတွက် အမည်စာရင်းတင်သွင်းခံရဖို့ ထိုက်တန်သည်ဟု ဖနွမ်းပင်တွင် သတင်းထောက်များကို ပြောကြားသည်။

မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းတွင် တွဲကားတစ်စီးချောက်ထဲထိုးကျ နှစ်ဦးသေဆုံး

ဇူလိုင် ၃၁ ရက်၊ ည ၇ နာရီကျော်က၊ မန္တလေး-ပြင်ဦးလွင်အဆင်းလမ်း မိုင်တိုင်အမှတ် ၁၆/၃ အနီးတွင် သကြားအိတ်များသယ်ဆောင်လာသည့် ၂၂ ဘီးကားတစ်စီးသည် အိမ်စီးကားကိုအရှိန်လွန်ပြီး ဝင်တိုက်ခဲ့ရာက ရွှေမန်းသူချောက်ထဲထိုးကျကာ အမျိုးသားနှစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

အစ္စရေးအပေါ် ဖိအားများတိုးလာနေချိန်တွင် အမေရိကန်အထူးသံတမန် ဂါဇာသို့သွားရောက်မည်

အကူအညီပေးရေးယာဉ်တန်းကို ပိတ်ဆို့ရန်ကြိုးစားနေသည့်လူအုပ်ကို အစ္စရေးတပ်ဖွဲ့များက ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင်ပစ်ခတ်ခဲ့ရာ ပါလက်စတိုင်း ၅၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဂါဇာရှိ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက အစီရင်ခံတင်ပြခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ စစ်ဘေးရှောင်များ နေရာအဆင့်ဆင့်ကိုပြောင်းလဲနေရ ဟုဆို

“အခုဆို ကျောက်မဲကနေ စစ်ရှောင်လာတာ။ နောင်ပိန်ကို။ နောက်ပိန်ကနေမှ လားရှိုးကိုရှောင်လာတာ။ လားရှိုးရောက်ပြန်တော့ နေစရာအတွက် အိမ်ငှါးနေရတယ်။ အိမ်းငှါးခက တော့ စျေးကမကြီးဘူး။ ငါးသောင်း၊ ခြောက်သောင်းပဲ စစ်ဘေးရှောင်တွေအတွက်။ ခက်တာက အလုပ်မရှိတာပါ။ အလုပ်မရှိတော့ ဘယ်ကနေ ဘာလုပ်ရမှန်းမသိနဲ့။…

ရုရှား၏တိုက်ခိုက်မှုများကြောင့် မြိုတော်ကိဗ်တွင် တိုက်ခန်းတစ်ခုအားထိမှန်ပြီး လူရှစ်ဦးသေဆုံး

ရုရှားသမ္မတ ဗလာဒီမာပူတင်အနေဖြင့် သြဂုတ် ၈ ရက်မတိုင်မီ အပစ်အခတ်ရပ်စဲရေးကို သဘောတူခြင်းမရှိပါက မော်စကိုအပေါ် ပိုမိုပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများချ မှတ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ခဲ့သော်လည်း ရုရှား၏တိုက်ခိုက်မှုများသည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ဘားအံတွင် ရေစီးသန်မှုကြောင့် လှေတစ်စီးတိမ်းမှောက် တစ်ဦးပျောက်ဆုံးနေ

“သူတို့တွေက မိသားစုတွေပါ။ လှေပေါ်မှာ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားနှစ်ယောက်ပါတယ်။ နှစ်ယောက်ပြန်တွေ့တယ်။ ပျောက်နေတာက အသက်ကြီးပိုင်းအဖိုးတစ်ယောက်ပဲ။ ရေကလည်းကြီး၊ ရေကလည်းတက်၊ ရေစီးကသန်ဆိုတော့ လှေက သစ်ပင်ကိုဝင်တိုက်ပြီး မှောက်သွားတာပါ။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်း

အဆိုပါ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်တွင် နိုင်ငံတော်သမ္မတ(တာဝန်)၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဌတာဝန်ထမ်းဆောင်မည်ဖြစ်ပြီး၊ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှုးနှင့် အဖွဲ့ဝင်စုစုပေါင်း ၁၀ ဦးပါဝင်သည်။

ဂါဇာတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းဒါဇင်နှင့်ချီ သေဆုံး

ဂါဇာကမ်းမြောင်ဒေသတွင် ဗုဒ္ဓဟူးနေ့က နောက်ထပ် အာဟာရချို့တဲ့မှုနှင့်ဆက်နွှယ်သော သေဆုံးသူခုနစ်ဦးကို ထုတ်ပြန်ခဲ့ပြီး၊ စစ်ပွဲစတင်ချိန်မှစ၍ အာဟာရချို့တဲ့မှုကြောင့်သေ ဆုံးသူစုစုပေါင်း ၁၅၄ ဦးအထိရှိလာခဲ့သည်ဟု ဟားမတ်စ်အဖွဲ့ကြီးမှူးသည့် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အရေးပေါ်ကာလသက်တမ်းမတိုးဘဲ ကာ/လုံက ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲအပ်ထားသည့်အမိန့်အား ပယ်ဖျက်

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာခဲ့သည်။ ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာကို လွှဲအပ်ဆောင်ရွက်စေခဲ့သည်။

နောင်ပိန်ရွာတွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုရင်တစ်ပါးပျံလွန်တော်မူ၊ ကိုရင်လေးပါးဒဏ်ရာရ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို နစကတပ်များက ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ကျောက်မဲမြို့ရှိနေရာအချို့တွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်များဖြစ်ပေါ်နေပြီး ဒေသခံ ၂၀၀၀ ကျော် နောင်ပိန်ဘက်သို့ တိမ်းရှောင်နေရကြောင်း သိရသည်။