» သတင်း

ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေပြီး ဒေသခံသောင်းချီ ရေဘေးရှောင်နေရ ဟုဆို

“ရေကမကျပဲ နည်းနည်းခြင်းတိုးလာတာ။ အခု မနေ့ကထက်ပိုတက်လာတယ်။ ဘာအံမြို့အတွင်းရော ကျေးရွာတချို့ရောဆိုရင် လူဦးရေသောင်ကျော်နေပြီ။ ရေဘေးရှောင်စခန်းတွေမှာလည်းနေကြရတယ်။ ဘုန်းကြီးကျောင်းတွေမှာလည်းရှောင်ကြရတယ်။ ရေမကျသေးတော့ စားဖို့သောက်ဖို့အတွက်တွေ လိုနေပါတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ပေတုံတန်၏အမှုကို ခုခံချေပရန် နောက်ဆုံးရက်သတ်မှတ်

ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်းဟွန်ဆန်နှင့် ဖုန်းခေါ်ဆိုမှုပေါက်ကြားလာပြီးနောက် ကျင့်ဝတ်စံနှုန်းများကို ဖောက်ဖျက်သည်ဟုစွပ်စွဲသည့် အထက်လွှတ်တော်အမတ်တစ်စု၏ တိုင်ကြားစာလက်ခံရရှိပြီးနောက် မစ္စပေတုန်တန်ကို ဇူလိုင် ၁ ရက်က ရာထူးမှဆိုင်းငံ့ခဲ့သည်။

ကွတ်ခိုင်တွင် လေကြာင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်အပါအဝင် ခြောက်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ ဟုဆို

ဇူလိုင် ၃၀ ရက်၊ ယနေ့နံနက် ၁၂ နာရီကျော်က TNLA ထိန်းချုပ်ထားသည့် ရပ်ကွက်(၂)တွင် လေကြောင်းတိုက် ခိုက်မှုကြောင့် ဗန်းမော်မှစစ်ရှောင်လာသည့် မြေးအဖွားနှစ်ဦးအပါ အဝင် ဒေသခံခြောက်ဦး သေဆုံးခဲ့ပြီး၊ ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံအနီး ပြင်းထန်သောငလျင်လှုပ်ခတ် ဂျပန်နိုင်ငံက ပစိဖိတ်သမုဒ္ဒရာအတွင်း ဆူနာမီသတိပေးချက် ထုတ်ပြန်

ရုရှားနိုင်ငံအရှေ့ဘက်စွန်းတွင် ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့က ပြင်းအား ၈ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဂျပန်၊ ဟာဝိုင်အီ၊ ရုရှားနှင့် အီကွေဒေါအပါအဝင် ကယ်လီဖိုးနီးယားကမ်းရိုးတန်းတလျှောက် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

တောင်ငူတွင်မိုးများပြီး ဒိုးသောင်တံတား အနည်းငယ်ပျက်စီး

"ကျိုးသွားတာတော့ မဟုတ်ဘူး။ မိုးတွေကဆက်တိုက်ရွာတော့ မြေသားနှင့် ကားလမ်းပိုင်းတချို့ နိမ့်ဝင်သွားတာ။ ပြန်ပြင်ဆောက်ရမှာပေါ့။ အန္တရာယ်ရှိတယ်။ ရေကျသွားရင်တော့ ပြန်ဆောက်ရမှာ။ အခုကတော့ရေတွေရှိသေးတယ်။ ကားကြီးတွေတော့ သွားလို့မရသေးဘူး" ဟု တောင်ငူအခြေစိုက် Save The Trees Rescue Team…

နယူးယောက်မြို့တွင် ပစ်ခတ်မှုဖြစ်ပွား ရဲအရာရှိအပါအဝင် လေးဦးသေဆုံး

လုံခြုံရေးဆောင်ရွက်နေသူ အသက် ၃၆ နှစ်အရွယ် နယူးယောက်စီးတီးရဲအရာရှိ Didarul Islam အပါအဝင် လူလေးဦးသေဆုံးပြီး အခြားသေဆုံးသူသုံးဦးကိုမူ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

မိုးကုတ်မြို့ဝန်းကျင်တွင် ကားလမ်းအချို့ ပိတ်ထားခြင်းကြောင့် ဒေသခံအချို့ စစ်ရှောင်ရန် အခက်အခဲများရှိနေ ဟုဆို

“ဒီရက်ထဲ ခဏခဏ ဗုံးကကျနေတော့ စစ်ရှောင်မလို့ လမ်းတွေပိတ်ထားတော့ ဘယ်မှသွားလို့လည်းမရဘူး။ အဓိကတော့ ဗုံးတွေပေါ့။ ဘယ်အချိန် ဘယ်နာကျမလည်းမသိနဲ့ စိတ်ပူနေရတယ်။ ကားလမ်းတွေကလည်း သွားလာဖို့ခက်နေတဲ့အချိန်။ စစ်ကလည်းရှောင်မရ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ငြိမ်းချမ်းရေးအတွက် ထရမ့်၏ရာဇသံအပြီး ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းတွင် ၂၂ ဦးသေဆုံး

ရုရှားသမ္မတ ဗလာဒီမာပူတင်အား ယူကရိန်းစစ်ပွဲကိုရပ်တန့်ရန် နောက်ဆုံးသတ်မှတ်ရက်ကို ပြတ်ပြတ်သားသားဆုံးဖြတ်ရန် ထရမ့်၏ပြောကြားချက်နှင့်ပတ်သက်ပြီး ကရင်မ လင်နန်းတော်က ယခုအချိန်အထိ နှုတ်ဆိတ်နေသော်လည်း ရုရှားသမ္မတအား လမ်းကြောင်းပြောင်းစေမည့် ဖိအားမဟုတ်ဟု လေ့လာသူများက ပြောဆိုကြသည်။

အုတ်တွင်းမြို့တွင် ရေကြီးရေလျှံမူကြောင့် နှစ်ဦးသေဆုံး

“ရေကတော့ စိုးရိမ်ရေအမှတ်ကိုရောက်နေပါပြီ။ ကျွန်တော်အိမ်နောက်ကမြစ်ဆိုတော့။ ရေကတက်နေတုန်းပါ။ ထန်းတပင်၊ မြင်းစု၊ အုတ်တွင်းဘက် ရေထဲမျောလို့ နှစ်ယောက်သေတယ်။ လူကြီးပိုင်းတွေပဲ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အပစ်အခတ်ရပ်စဲရေး သဘောတူထားသော်လည်း တိုက်ပွဲများရပ်တန့်ရန် ခက်ခဲမည် ဟုဆို

ကမ္ဘောဒီးယားသည် အမေရိကန်သမ္မတ၏တောင်းဆိုချက်နှင့် အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းလက်ခံရန် ဆန္ဒရှိသော်လည်း၊ ကမ္ဘောဒီးယား၏ စိတ်ရင်းမှန်သည့် ရည် ရွယ်ချက်တစ်ခုတည်းကိုသာ စဉ်းစားမည်ဟု ထိုင်းကပြောကြားသည်။ အမြှောက်များဖြင့် ပြင်းထန်စွာပစ်ခတ်မှုများသည် နေ့ချင်းညချင်း ဆက်လက်ဖြစ်ပွားခဲ့သည်။ ကမ္ဘောဒီးယား၏ ဒုံးကျည်များသည် ထိုင်းရွာများပေါ်သို့ ထပ်မံကျရောက်ခဲ့သည်။