» သတင်း

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲ သုံးရက်မြောက်နေ့သို့ ရောက်ရှိ

တောင်ပေါ်ရှိ ရိုင်ပကျောင်းမှ ဘုန်းကြီးတစ်ပါးက မီးခိုးလုံးများလွင့်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း Facebook တွင် မျှဝေခဲ့သည်။ “အားလုံးက ထွက်ပြေးသွားပေမယ့် ထိုင်းစစ်သားတွေက အဲဒီဘက်ကို ဦးတည်နေတာ တွေ့လိုက်ရတယ်” ဟု ဆိုသည်။

အကောက်ခွန်ကိစ္စအတွက် ထရမ့်ကို အလွယ်တကူအလျှော့ပေးမည်မဟုတ်ဟု ဂျပန်ဝန်ကြီးချုပ် ပြောကြား

တနင်္ဂနွေနေ့ ရုပ်မြင်သံကြားတင်ဆက်မှုတွင် အီရှိဘာက အမေရိကန်စီးပွားရေးတွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံသည့်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံကို အခြားနိုင်ငံများနှင့် ကွဲပြားစွာဆက်ဆံသင့်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

တက္ကဆက်ရေဘေးကြောင့် သေဆုံးသူ ၅၀ ဦးအထိ မြင့်တက်လာပြီး နွေရာသီစခန်းမှ မိန်းကလေး ၂၇ ဦး ပျောက်ဆုံးနေဆဲ ဟုဆို

နာရီပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် အားလပ်ရက်စတင်သည့် ဇူလိုင်လ ၄ ရက်၊ သောကြာနေ့တွင် စတင်ရေကြီးခဲ့သည်။ မိုးပိုလာနိုင်ပြီး အလွန်အကျွံရွာသွန်းမှုကြောင့် မြစ်များ၊ ချောင်းများ၊ အခြားမြေနိမ့်သောနေရာများနှင့် ရေကြီးလေ့ရှိသောနေရာများတွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်နိုင်သည်” ဟု အမျိုးသားမိုးလေဝသဌာနက သတိပေးထားသည်။

အမေရိကန်၏ ဂါဇာအပစ်အခတ်ရပ်စဲရေး အစီအစဉ်အပေါ် အပြုသဘောဆောင်တုံ့ပြန်ခဲ့ကြောင်း ဟားမတ်စ်ဆို

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့သည် “စေ့စပ်ညှိနှိုင်းရေးအစည်းအဝေးသို့ ချက်ချင်းဝင်ရောက်ရန် အလေးအနက် အဆင်သင့်ဖြစ်နေပြီ” ဟု သောကြာနေ့ညတွင် ပြောကြားခဲ့သော်လည်း စည်းမျဉ်းစည်းကမ်းများကို လက်ခံခြင်းရှိ/မရှိ အတည်မပြုနိုင်သေးပေ။

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို ပူတင်ပယ်ချပြီး ယူကရိန်းကို ဒရုန်းဖြင့်တိုက်ခိုက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အကြား ဖုန်းခေါ်ဆိုမှုအပြီး နာရီပိုင်းအကြာတွင် ယခုကဲ့သို့ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရုရှားသမ္မတ ပူတင်သည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် အဆင်သင့်မဖြစ်သေးသည့်အတွက် စိတ်ပျက်မိကြောင်း ထရန့်က ပြောကြားသည်။

အကောက်ခွန်နှင့် ကုန်သွယ်ရေးစစ်ပွဲများတွင် အောင်နိုင်သူရှိလိမ့်မည်မဟုတ်ဟု တရုတ်ဒုသမ္မတ ပြောကြား

ချမ်းသာသူများနှင့် ဆင်းရဲသူများကြား ကွာဟချက်ကြီးမားလာမည့် ခြိမ်းခြောက်မှုအပြင် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၏ မညီမျှမှုများနှင့် ပတ်သက်၍လည်း ၎င်း၏စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ခဲ့သည်။

ငြိမ်းချမ်းရေးအဆိုပြုချက်ကို ၂၄ နာရီအတွင်း ဟားမတ်စ်ဆုံးဖြတ်ရမည်ဟု ထရမ့်ပြောကြား

ဟားမတ်စ်တို့နှင့် ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေးအပြီးသတ်ရန် လိုအပ်သည့်အခြေအနေများကို အစ္စရေးကလက်ခံခဲ့ကြောင်း အင်္ဂါနေ့တွင် ထရမ့်ကပြောကြားခဲ့ပြီး၊ ယင်းကာလအတွင်း စစ်ပွဲကိုအဆုံးသတ်ရန် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

သန်လျင်တွင် တစ်ရက်တည်း သုံးကြိမ်ဆက်တိုက် လုယက်မှုဖြစ်

"ဖုန်းလုယက်သူ​တွေကလဲ အသက် ၃၀ နှစ်အရွယ် လူလတ်ပိုင်းသုံးဦးပါ။ သန်လျင်မှာ အများအစုက ​​ဘေးတွဲပဲစီးလို့ရတာပါ။ ဆိုင်ကယ်စီးလို့ရတယ်ဆိုတာ စဉ်းစားစရာလူ​တွေပါ။ ညီမဖုန်းကို လက်ထဲက​​နေ အတင်းအဓမ္မလုယက်သွားကြတာပါ" ဟု လုယက်ခံရသူအမျိုးသမီးက ယ​​နေ့​ခေတ်သို့ ​ပြောသည်။

ဂါဇာတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ၄၈ နာရီအတွင်း ပါလက်စတိုင်း ၃၀၀ ကျော်သေဆုံး

တောင်ပိုင်းရှိ al-Mawasi တွင် တဲတစ်လုံးကို အစ္စရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ ၁၃ ဦးသေဆုံးခဲ့ကြောင်း၊ ထို့အတူ ဂါဇာမြို့အနောက်ဘက်ရှိ ရွှေ့ပြောင်းနေထိုင်သူများ ခိုလှုံရာနေရာဖြစ်သည့် Mustafa Hafez ကျောင်းအား တိုက်ခိုက်မှုကြောင့် ၁၆ ဦးသေဆုံးခဲ့ကြောင်း ဆေးဘက်ဆိုင်ရာသတင်းရင်းမြစ်များက Al…

ယူကရိန်းပဋိပက္ခတွင် ရုရှားအဆင့်အမြင့်ဆုံးအရာရှိတစ်ဦး သေဆုံး  

ယူကရိန်းတွင် တိုက်ခိုက်ခဲ့သည့်တပ်မဟာကို ဦးဆောင်ခဲ့သော ရုရှားရေတပ်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် မီခေးလ် ဂူဒကော့ဗ်သည် ယမန်နှစ်က ယူကရိန်းအား အောင်မြင်စွာကျုးကျော်မှုကို မြင်တွေ့ခဲ့ရပြီး ရုရှားနယ်စပ်ဒေသတွင် သေဆုံးခဲ့သည်။