» သတင်း

အမေရိကန်တရားရုံးချုပ်က ထရမ့်အမိန့်ကိုပိတ်ပင်သည့် တရားသူကြီးများ၏အာဏာကို ကန့်သတ်

အမေရိကန်နိုင်ငံတွင် မွေးဖွားသူတိုင်းနီးပါးသည် အလိုအလျောက်နိုင်ငံသားဖြစ်ခွင့်ရှိသည်။ တရားရုံးများသည် ထရမ်၏အမိန့်ကို ဆိုင်းငံ့ထားပြီးနောက် အောက်ခြေတရားသူကြီးများသည် သမ္မတ၏လုပ်ဆောင်ချက်များကို ပိတ်ဆို့ပိုင်ခွင့်မရှိဟု ငြင်းဆိုကာ ၎င်း၏အုပ်ချုပ်ရေးအဖွဲ့သည် တရားရုံးချုပ်သို့ အယူခံဝင်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ် ၁၀ ဦးဒဏ်ရာရ

“အရှေ့က စက်ချို့ယွင်းလို့ရပ်ထားတဲ့ကားကို အနောက်ကနေဝင်တိုက်တာဗျ။ ဒဏ်ရာရရှိသူကတော့ အမျိုးသားငါးယောက်နဲ့ အမျိုးသမီးငါးယောက်။ ဒဏ်ရာပြင်းထန်သူတော့ တစ်ယောက်ပဲပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ရပ်ထားတဲ့ကား​ပေါ်မှာတော့ ခရီးသည်မပါဘူး။”

ဂါဇာမှဈေးတစ်ခုကို အစ္စရေးကတိုက်ခိုက် ပါလက်စတိုင်း ၁၈ ဦး သေဆုံး

သေဆုံးသူများ၏ ရုပ်အလောင်းများ မြေပြင်ပေါ်တွင်ပြန့်ကျဲနေပြီး၊ ဈေးဝယ်သူများက ထိတ်လန့်စွာအော်ဟစ်နေကြကာ၊ အရေးပေါ်လူနာတင်ယာဉ်များက ဒဏ်ရာရရှိသူများကို အပြေးအလွှားလာရောက်ကယ်ဆယ်ကြသည်ကို ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့ရသည်။

မန္တလေးတွင် အခမဲ့စား​သောက်ဖွယ် Food Box ပြုလုပ်​ထား

"လမ်းသွားရင်း ဖြစ်တတ်တဲ့ ဗိုက်ဆာတာ၊ ​ခေါင်းမူးတာ အစရှိတဲ့သူ​တွေ။ အစာအိမ်သမား​တွေ ဗိုက်ဆာရင်ယူစားဖို့အတွက် 'လိုလျှင်ယူ ပိုလျှင်'လှူအစီအစဉ်အရ Food Box ထဲမှာရှိတဲ့ အချို​ရည်၊ ​ပေါင်မုန့်နဲ့ ကိတ်မုန့် အစရှိတာကို အခမဲ့လှူဒါန်း​ပေးထားတာပါ။ ဒီအလှူဟာလဲ ခုနစ်ရက်သားသမီး​တွေရဲ့ စု​ပေါင်းအလှူပါ"

အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံတွင် မီးရှို့ဖျက်ဆီး

ရန်ကုန်တွင် အမေရိကန်ဒေါ်လာ ၁၁၇ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးအများအပြားကို မီးရှို့ဖျက်ဆီးရာတွင် ဘိန်းဖြူ၊ ဆေးခြောက်၊ ကီတာမင်း၊ ice (သို့) crystal meth ဟုခေါ်သော စိတ်ကြွဆေးများပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးချုပ် စိန်လွင်က အဆိုပါအခမ်းအနားတွင် ပြောကြားသည်။

အီးယူခေါင်းဆောင်များသည် ပိတ်ဆို့အရေးယူမှုများ၊ အခွန်စည်းကြပ်မှုများနှင့် အရှေ့အလယ်ပိုင်းမူဝါဒများကို ဘရပ်ဆဲလ်တွင်ဆွေးနွေးမည်

ဥရောပခေါင်းဆောင်များသည် အရှေ့အလယ်ပိုင်းစစ်ပွဲများမှ ဆုတ်ယုတ်ကျဆင်းလာမည်ကို စိုးရိမ်နေပြီး၊ အီးယူသည် အီရန်၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ သံတမန်ရေးရာညှိနှိုင်းမှုများကို ပြန်လည်အသက်သွင်းရန် တွန်းအားပေးလျက်ရှိသည်။

ကျောက်မဲမြို့တွင် တကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်နေ

အခုရက်ပိုင်းက နောက်ချိုမှာ တိုက်ပွဲတွေနေ့တိုင်းဖြစ်နေတာ။ သူ့ရဲ့လမ်းကြောင်းက နောင်ချိုအဓိကပဲဆိုတော့ အများခန့်မှန်းချက်အရ အခန့်မသင့်လို့ လက်နက်ကိုင်အဖွဲ့တွေက နောက်ဆုပ်ပေးရမယ်ဆိုရင် သေချာပေါက် ကျောက်မဲကိုရောက်လာမှာပဲ။

စင်္ကာပူနိုင်ငံ ဆေးရေးဂိတ်တစ်ခုတွင် ဆေးခြောက် တစ်ကီလိုဂရမ်နှင့် အိုက်စ်များ သိမ်းဆည်းရမိ

စင်္ကာပူနိုင်ငံသို့ စိတ်ကြွဆေး ၂၅၀ ဂရမ် သို့မဟုတ် ဆေးခြောက် ၅၀၀ ဂရမ်အထက်တင်သွင်းခြင်း သို့မဟုတ် တင်ပို့ခြင်းအတွက် အပြစ်ရှိကြောင်းတွေ့ရှိပါက မည်သူမဆို သေဒဏ်ကျခံရနိုင်သည်။

ဒဂုံမြို့ဆိပ်ကမ်းမြို့နယ်တွင် ဝိုင်ဘီအက်စ်က ကားနှစ်စီးနှင့် ဘေးတွဲဆိုင်ကယ်အားဝင်တိုက် အမျိုးသားတစ်ဦး ​​သေဆုံး

"ကျောင်းသူ/​ကျောင်းသား​တွေကို ပို့​​ပေး​နေတဲ့ ဘေးတွဲဆိုင်ကယ်သမား ​နေရာမှာပဲ သေဆုံးသွားပါတယ်။ ကားသုံး စီးဆင့်တိုက်မိတာ​ကြောင့် ​ဘေးတွဲဆိုင်ကယ်​မောင်းသူ ​နေရာမှာပဲ​သေဆုံးသွားတာပါ။ ကားတိုက်မှုက အရှိန်ပြင်းပါတယ်။ က​လေး​တွေ ​ကျောင်းတက်​နေချိန်မှာ ​ကျောင်းပတ်ဝန်းကျင်အနီးမှာ အခုလိုဖြစ်တာ ​က​လေး​တွေအတွက် ပို​တောင်စိတ်ပူမိပါတယ်"​

အမေရိကန်တိုက်ခိုက်ခဲ့သည့် အီရန်နျူကလီးယားစက်ရုံများ လအနည်းငယ်အတွင်း ပြန်လည်စတင်နိုင်မည်ဟု ဆို

အကဲဖြတ်မှုအရ အီရန်သည် ၎င်း၏နျူကလီးယားအစီအစဉ်ကို လအနည်းငယ်အတွင်း ပြန်လည်စတင်နိုင်သည်ဟု သတင်းရင်းမြစ်သုံးခုကပြောကြားပြီး၊ အစောဆုံးပြန်လည်စတင်မှုသည် တစ်လမှ နှစ်လအတွင်းဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း အဆိုပါသတင်းရင်းမြစ်များထဲမှ တစ်ခုကပြောကြားသည်။