» သတင်း

ဘာလီကျွန်းတွင် ကူးတို့သင်္ဘောနစ်မြုပ် လေးဦးသေဆုံးပြီး ဒါဇင်နဲ့ချီပျောက်ဆုံးနေ

အသက်ရှင်ကျန်ရစ်သူ ၃၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အေဂျင်စီကပြောကြားခဲ့ပြီး ရှာဖွေမှုများဆက်လက်လုပ်ဆောင်နေကြောင်း၊ နစ်မြုပ်ရသည့်အကြောင်းရင်းကို အာဏာ ပိုင်များက စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးကသဘောတူကြောင်း ထရမ့်ပြောကြား

အမေရိကန်နှင့် အစ္စရေးကျောထောက်နောက်ခံပြု ဂါဇာရှိ လူသားချင်းစာနာ ထောက်ထားမှုဖောင်ဒေးရှင်း (GHF) နေရာများတွင် စားနပ်ရိက္ခာများစောင့်ဆိုင်းနေစဉ် ငါးပတ်အတွင်း ပါလက်စတိုင်း ၆၀၀ ကျော် အစ္စရေး၏တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်။

IAEA နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့သည့်ဥပဒေအား အီရန်သမ္မတအတည်ပြု

အီရန်သမ္မတ Masoud Pezeshkian သည် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) နှင့် အီရန်၏ ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ထားရန် အစိုးရအားတောင်းဆိုသည့် ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ကြောင်း Press TV နှင့် အခြားသော အီရန်သတင်းအေဂျင်စီများက ဖော်ပြသည်။

တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ စားဝတ်နေရေးအကျပ်အတည်းများရှိနေ ဟုဆို

“နေရပ်ပြန်လို့မရသေးတာပါ။ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် လူဦးရေ ၃၀၀၀ ကျော်တယ်။ သံတွဲမြို့နယ်အတွင်းက ရွာတွေဘက်မှာပါ။ လိုအပ်တာက ဆန်နဲ့ ကျန်းမာရေးအတွက်ဆေးဝါးတွေလိုအပ်နေတာပါ။” ဟု ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုင်းတရားရုံးက ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်တရာကို ရာထူးမှဆိုင်းငံ့

ဝါရင့်ကမ္ဘောဒီးယားနိုင်ငံရေးသမားနှင့် ဖုန်းခေါ်ဆိုမှုပေါက်ကြားသောကြောင့် ပေတုန်တန်၏ညွန့်ပေါင်းအဖွဲ့အား စွန့်လွှတ်ခဲ့သည့် အဓိကအတိုက်အခံပါတီသည် ပေတုံတန်ကို ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်ရန် အယုံအကြည်မရှိအဆိုဖြင့် မဲခွဲဆုံးဖြတ်ခြင်းကို မကြာမီကြိုးပမ်းမည်ဟု မျှော်လင့်ရသည်။

ကျောက်မဲမြို့တွင် ဒေသခံအချို့ စစ်ဘေးရှောင်နေရ ဟုဆို

ဇွန်လ ၂၃ ရက်နေ့မှစ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့တွင် နစကတပ်နှင့် TNLA တပ်ဖွဲ့တို့အကြား တိုက်ပွဲများပြင်းထန်နေပြီး ကျောက်မဲမြို့ပေါ်သို့ လေကြောင်းတိုက် ခိုက်မှုများရှိနေခြင်းကြောင့် ဒေသခံ ၁၀၀ နီးပါး စစ်ဘေးလွတ်ရာသို တိမ်းရှောင်နေရကြောင်း သိရသည်။

ကန်တော်ကြီးအတွင်းရှိ ကျူးကျော်တဲများကို ဖယ်ရှားရှင်းလင်း

အဆိုပါကျူးကျော်တဲများရှိနေသည်မှာ နှစ်ချီနေပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများက မကြာခဏလာရောက်ရှင်းလင်းသော်လည်း ပြန်ပြန်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ပို့ကုန်ရငွေဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီ ၁၉၀ ကျော်ကို အမည်မည်းစာရင်းသွင်း

"သူတို့အမည်မည်းစာရင်းသွင်းတာလည်း သွင်းတာပေါ့။ အဲဒီလူတွေကရော ရှိသေးလို့လား။ တချို့ဆိုမရှိတော့ဘူး။ ဘယ်သူမှပြန်မသွင်းနိုင်ဘူး။ ပို့ကုန်ကလည်း အရင်လောက်မပို့ရဘူး။ တိုးလာတာမရှိဘူး အလျော့ပဲ။ အဲဒီတော့ အ ဆင်မပြေကြဘူးလေ။ တစ်ဖက်ကလည်း ပို့ကုန်ရငွေပြန်ဝင်ဖို့ ဖိအားပေးကောင်းပေးနိုင်တယ်"

ပြည်တွင်းနေရပ်စွန့်ခွာသူ ခန့်မှန်းခြေ ၃ ဒသမ ၅ သန်းခန့်ရှိ

"တိုက်ပွဲတွေက တောက်လျှောက်ဖြစ်နေတာ။ အပေါ်မှာဆိုရင် ရဟတ်ယာဉ်က တောက်လျှောက်ဝဲနေတာ။ မနေရဲဘူးလေ။ အဲဒီတော့ တစ်ပိုင်တစ်နိုင်လေးပဲသယ်ပြီး ထွက်လာရတယ်။ အိမ်ကိုစွန့်ခွာခဲ့တာ ခုဆိုတစ်နှစ်ပြည့်တော့မယ်။ အိမ်ရှိရဲ့သားနဲ့ မနေရဘူး။ စစ်ရှောင်ရတဲ့ဘဝက မလွယ်ကူဘူး"

သဲကုန်းမြို့နယ်တွင် အငြိမ်းစား မီးသတ်ဝန်ထမ်းတစ်ဦး ရထားပေါ်မှပြုတ်ကျသေဆုံး

ယမန်နေ့ ဇွန်လ ၂၆ ရက် ည ၈ နာရီခန့်က၊ သဲကုန်းမြို့နယ် သောင်းမဲကြီးကျေးရွာတွင် အသက် ၆၀ ကျော်ဝန်းကျင်ရှိ မီးသတ်တပ်ဖွဲ့မှ အငြိမ်းစားဝန်ထမ်းတစ်ဦး ပြည်မြို့မှ ရန်ကုန်သို့ထွက်သည့်ရထားပေါ်မှ ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း သိရသည်။