» သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မဈေးတွင် အမျိုးသားတစ်ဦးပစ်ခတ်မှုကြောင့် လူငါးဦးသေဆုံး နှစ်ဦးဒဏ်ရာရ

ကတ်များပေါ်တွင်တွေ့ရသည့်အမည်မှာ Noi Praidaen ဖြစ်သည်။ ဈေးလုံခြုံရေးဝန်ထမ်းလေးဦးနှင့် ဈေးသည်အမျိုးသမီးတစ်ဦး ပစ်သတ်ခံရကြောင်း ကယ်ဆယ်ရေးသမားများက အတည်ပြုခဲ့သည်။ အခြားအမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာများရရှိခဲ့သည်။

တရုတ်နိုင်ငံ၏ ကမ္ဘာကျော် ဗုဒ္ဓဘာသာဘုရားကျောင်း ရာဇဝတ်မှုနှင့်စုံစမ်းစစ်ဆေးခံရ

တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်တွင် လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ ကျော်က တည်ထောင်ခဲ့သော ရှောင်လင်ဘုရားကျောင်းသည် ဇင် သို့မဟုတ် ချန်းဗုဒ္ဓဘာသာ၏ မွေးရပ်မြေဖြစ်ပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သည်။ စောင်ရှန်တောင်များကြားတွင်တည်ရှိသည့် ကျော်ကြားသောဘုန်းတော်ကြီးကျောင်းကို ရှောင်လင်ကွန်ဖူး၏ မူလဘူတ အရပ်အဖြစ် အသိအမှတ်ပြုထားသည်။

ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်အမှတ်ကျော်လွန် နေအိမ်များ ရေဘေးလွတ်ရာသို့ပြောင်းရွှေ့နေရ ဟုဆို

ဘာအံမြို့တွင် နှစ်ရက်အတွင်း သံလွင်မြစ်၏စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာမှ ၉၀၂ စင်တီမီတာအထိ မြင့်တက်လာပြီး ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရသည့်ဒေသခံအချို့ အဝတ်အထည်များလိုအပ်နေကြောင်း သိရသည်။

ဂါဇာမြောက်ပိုင်းသို့ အကူအညီပေးရေးပစ္စည်းများကို အစ္စရေးက လေကြောင်းမှပစ်ချ ၁၁ ဦးထက်မနည်းဒဏ်ရာရ

ဂါဇာမြောက်ပိုင်းသို့ အကူအညီပေးရေးပစ္စည်းများကို အစ္စရေးက လေကြောင်းမှပစ်ချခဲ့ခြင်းကြောင့် ကယ်ဆယ်ရေးစခန်းတစ်ခုမှ ရွှေ့ပြောင်းနေထိုင်သူများ၏ တဲများပေါ်သို့ တိုက်ရိုက်ပြုတ်ကျခဲ့ရာ ပါလက်စတိုင်း ၁၁ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဆေးဘက်ဆိုင်ရာသတင်းရင်းမြစ်များက ပြောကြားသည်။

ပေါင်မြို့တွင် ​လေဆင်နှာ​မောင်းတိုက်ခတ် ​နေအိမ် ၂၂ လုံးပြိုကျပျက်စီးပြီး လျှပ်စစ်မီးတိုင်များလဲကျ

"​ငါးမိနစ်ခန့်ကြာ ​လေဆင်နှာ​မောင်းတိုက်ခတ်ခဲ့တယ်။ လူ​နေအိမ် ၂၂ လုံးနဲ့ ပေါင်မြို့နယ်မီးသတ်စခန်းတစ်လုံး ပျက်စီးသွားတယ်။ အဲဒီပြင် နှစ်ချို့သစ်​ပင်​တွေ လဲပြိုကျတာ​ကြောင့် လျှပ်စစ်မီးတိုင်တွေ လဲကျသွားပါတယ်။ လူထိခိုက်မှုမရှိ​ခဲ့ပါဘူး"

ထိုင်းနှင့် ကမ္ဘောဒီးယားတိုက်ပွဲကို ထရမ့်ကကြားဝင်ဖျန်ဖြေသော်လည်း ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေ

အမေရိကန်သမ္မတ၏ ဖုန်းခေါ်ဆိုမှုအပြီးတွင် နယ်စပ်တစ်လျှောက်တွင် ပစ်ခတ်မှုများဆက်လက်ဖြစ်ပွားခဲ့သည်။ ထရန့်၏ ဖုန်းခေါ်ဆိုမှုများအပေါ် ထိုင်းနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်များ၏ တုံ့ပြန်မှုသည် အပြုသဘောဆောင်သော်လည်း ၎င်း၏ရပ်တည်ချက်ကို မပြောင်းလဲသေးပေ။

မိုးကုတ်မြို့တွင် တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိများရှိ ဟုဆို

“မနေ့ကတော့ ရွှေလိပ်ပြာဟိုတည်ပေါ် ဗုံးကျလို့ အမိုးတွေလည်းလန်သွားတယ်။ ဗုံးထိလို့ တစ်ယောက်သေတယ်။ သုံးယောက်လောက် ဒဏ်ရာရတယ်။ မိုးကုတ်မှာ မနေ့ကနဲ့ဆို သုံးကြိမ်လောက်ရှိမယ်။ တချို့ကျတော့လည်း မနေရဲကြတော့ဘူး။ စစ်ရှောင်တာတော့ မရှိသေးဘူး။ အကြိမ်ရေများလာရင် ရှောင်သင့်ရင် ရှောင်ရမှာပေါ့။ ဗုံးထိလို့ ဒဏ်ရာရတာလည်း…

ကွာလာလမ်ပူမြို့တွင် မလေးရှားဝန်ကြီးချုပ်ကို ပြည်သူထောင်ချီ ဆန္ဒပြ

ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ စည်းလုံးညီညွတ်သောအစိုးရသည် လူနေမှုစရိတ်များမြင့်တက်မှုနှင့် ပြုပြင်ပြောင်းလဲမှုများ တိုးတက်ခြင်းမရှိသောကြောင့် မြို့တော်ကွာလာလမ်ပူ၌ ဇူလိုင် ၂၆ ရက်၊ စနေနေ့တွင် မလေးရှားနိုင်ငံသား ထောင်ပေါင်းများစွာသည် မြို့တော်လမ်းများပေါ်တွင် ဆန္ဒပြခဲ့ကြသည်။

ဒလသမ္ဗန်မှောက်မှုမှ စက်လှေမောင်းသူအပါအဝင် လူသုံးဦး၏ရုပ်လောင်းများ ပြန်လည်တွေ့ရှိပြီး အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေ

"အဆက်မပြတ် ရွာသွန်းမှုနဲ့အတူ ရှာဖွေရေးလုပ်ငန်းကိုလည်း အရှိန်အဟုန်မပျက်ပြုလုပ်ခဲ့ပါတယ်။ သဗ္ဗာန်မောင်းသူ ဦးမျိုးဆွေနဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်" ဟု ရှင်သန်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

သေဆုံးသူအရေအတွက် မြင့်တက်လာပြီးနောက် အပစ်အခတ်ရပ်စဲရန် ကမ္ဘောဒီးယားတောင်းဆို

နယူးယောက်တွင်ပြုလုပ်သော သောင်မတင်ရေမကျဖြစ်နေသည့် အစည်းအဝေးအပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး Chhea Keo က ၎င်းတို့နိုင်ငံအနေနှင့် အပစ်အခတ်ရပ်စဲရေးကိုလိုလားကြောင်း ပြောကြားသည်။